CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday 21 April 2009

“ခက်ပြီ”


စာတွေ ကဗျာတွေ ….
တွေးတယ်
ရေးလွန်းတော့ လက်ခလယ်က အသားမာ တက်တယ်
အဲဒီတော့ ခက်တယ် ... ။
ခရီးတွေ လမ်းတွေ ….
ကြမ်းတယ်
လျှောက်ပါများတော့ ဖဝါးအရေထူတယ်
အဲဒီတော့ ခက်တယ် ... ။

အသိတွေ စိတ်တွေ ….
လွင့်တယ်
မျောပါမိတော့ ထိန်းချုပ်နိုင်စွမ်း သံချေးတက်တယ်
အဲဒီတော့ ခက်တယ် ... ။
မျက်လုံးတွေ မျက်ခုံးတွေ ….
လှတယ်
ကြည့်တယ် မြင်တယ် အာရုံမှာ စွဲထင်ကုန်တယ်
အဲဒီတော့ ခက်တယ် ... ။

သူ့ အပေါ် ……………..

အကြင်နာတွေ မေတ္တာတွေ ….
ရေစီးရင်းက ကမ်းပြိုတယ်
အထိန်းအကွပ်မဲ့တော့ နှလုံးသားလေး တခြမ်းပဲ့ပါသွားတယ်
အဲဒီတော့ ခက်တယ် ... ။
အချစ်တွေ အချစ်တွေ ….
ချစ်တာပဲ သိတော့တယ်
နောက်တခြမ်းကိုပါ ရက်ရက်ရောရော ပေးလိုက်မိတယ်
ခုမှ တကယ် ခက်သွားတော့တယ် ... ။

မောင်ငယ်

7 comments:

Unknown said...

ပြန်ပြောပြဖို့တော့ တော်တော်ကို ခက်နေပြီ ကဗျာဆရာ
:)
ကောင်းသောနေ့ဗျာ မြန်မာပြည်ကိုတော့ပါအောင်သည်သွားဦး နှလုံးသားကို
ဟောင်းလောင်းပေါက်ကြီးဖြစ်နေဦးမယ် :P

ဆောင်းယွန်းလ said...

အဲဒါအခက်ဆုံးပဲညီလေး
တခြမ်းတည်းပေးတာ အားမရလို့ ကျန်တဲ့တခြမ်းပါထပ်ပေးလိုက်တယ်ဆိုတော့ ခက်ပြီပေါ့ညီရာ..

မွန် said...

ခက်စ်တော့ ခက်စ်နေပီပေါ့ ကဗျာဆရာ :D

emayarKhin said...

၂ ခြမ်းလုံးပေးလိုက်ပြီလား...........
အဲဒါကြောင့်ခက်တယ်..............
ခက်တယ်..............
ခက်တယ်..............

လင်းဦး(စိတ်ပညာ) said...

ခက်တာတွေချည်းပါပဲလား....

mgnge said...

တော်ပီပေါ့...။ ကျောက်ကပ်တို့ အဆုတ်တို့ ကျန်သေးတာ ပဲဟ

ကြယ်ပြာ said...

အယ် .... နှစ်ခြမ်းလုံးပေးလိုက်တယ်ဆိုတော့ ခက်တယ်ကွယ် ... ခုတော့ ဗလာကြီးဖြစ်နေတယ်ပေါ့ ...း)