့
နွေရယ် ….
အိမ်အပြန် နောက်ကျလိုက်တာကွယ်
ငါ့မှာ ….
ဆောင်းတွင်းတတွင်းလုံး မင်းကို လွမ်းလို့  ချမ်းလို့ ... ။
မင်းပြန်ရောက်တဲ့နေ့ ကပေါ့
လမ်းမတွေထက်မှာ ပြောင်လို့ ရှင်းလို့ 
ကောင်းကင်ပြာကြီးလည်း လင်းလို့  ကျင်းလို့ 
ပွင့်ဦး ညွန့် ဖူးတို့  စိမ်းလို့  လန်းလို့ 
လေပြေအေးအေးတွေလေ ညှင်းလို့ သွဲ့ လို့ 
ငှက်ကျေးလေးတွေတောင် တီလို့ တာလို့ 
ငါ့စိတ်တွေလည်း ထိုနှယ်ပါပဲကွယ် ... ။
မောင်ငယ်
Thursday, 23 April 2009
“နာလန်ထ ရာသီ”
Posted by mgngal at 19:34
Labels: ခံစားမှု ကဗျာများ
Subscribe to:
Post Comments (Atom)
6 comments:
ချစ်စရာကဗျာလေးပါ
ကိုမောင်ငယ် နလန်ထလာပြီလား ညှင်းလို့သိုးလို့ :P
နုတယ်နော် အရမ်းကိုနုနေတာ တကယ် :)
ကောင်းသောနေ့ပါဗျာ :)
နလန်ထ ညီလေးရယ် .. ကျန်းမာရေးကို ဂရုစိုက်ပါကွာ
နွရယ် ….
အိမ်အပြန် နောက်ကျလိုက်တာကွယ်
ငါ့မှာ ….
ဆောင်းတွင်းတတွင်းလုံး မင်းကို လွမ်းလို့  ချမ်းလို့  ။
ကဗျာလေးတွေ ကောင်းလိုက်တာ ညီရာ...
လှလိုက်တဲ့ ကဗျာလေး မောင်ငယ်ရယ်။ ... လို့... လို့ ဆိုတာနဲ့ စကားလုံးတွေ ရွေးသွားတာ သိပ်ကောင်းတာပဲ။
“ငါ့မှာ ….
ဆောင်းတွင်းတတွင်းလုံး မင်းကို လွမ်းလို့  ချမ်းလို့  ။”
အဲဒီနေရာလေးကို သဘောကျလို့ နှစ်ခါထပ်ဖတ်ဖြစ်တယ်...
ဟေး
ဟုတ်တယ်ကွ
နေပြန်ပူလာ ပြီ နော်... အခုမှနေလို့ ကောင်းလာတာ
Post a Comment