CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday 14 June 2009

"တပါတ်နွမ်း"


ချူသူများတဲ့ အခိုက်
ငါက
နင်ရိုက်ထုတ်လိုက်တဲ့ ဘေ့စ်ဘောတလုံးပေါ့ ... ။

နုံချာတဲ့ ဘဝ တစ်ခုဟာ
နင့်အတွက်မှ မဟုတ်တာဘဲ
ငါလည်းသိပါတယ် ... ။

အပိုင်လို ချင်လို့ 
တခိုင်လုံး မချိုင်ရက်ခဲ့ရိုး အမှန်ပါ ... ။

ကြိုင်လို့  သင်းနေတဲ့ အနံ့ လေးကိုပဲ
ငါ့အတွက်လို့  မှတ်ယူပါတယ် ... ။

မမှီတဲ့ စပျစ်သီးက
ငါ့အတွက်တော့ ရာသီမရွေးချိုပါတယ်
မြေခွေးမှာ ငါ့လို အသဲနှလုံးမှ မရှိတာကိုး … ။

မြေအခ ကြွေကာကျမှ
တမြတ်တနိုး ဖွဖွကောက်ယူလိုက်မိတာ
ငါ့ သစ္စာတရားပါကွယ် ... ။

ကောင်မလေးရယ်
ခရေပန်းလေးရယ် …
မြေခလည်း မွှေးပျံ့ နေတာ
ငါ့အချစ်ကြောင့်ရယ်ပါ ... ။

မောင်ငယ်

3 comments:

Mhu Darye said...

ညိုးငယ်ပြီး ခေါင်းငိုက်စိုက်ပြုံးနေတဲ့ ကဗျာဆရာကို ကိုယ်တွေ့ မြင်လိုက်ရသလိုမျိုး ထင်ယောင်ထင်မှား စိတ်ထဲမှာ လေးလံသွားမိတယ်။

လမ်းကြုံလို့ ကဗျာ လာဖတ်ဖြစ်တယ်ကွာ..

ဆောင်းယွန်းလ said...

ချူသူများတဲ့ အခိုက်
ငါက
နင်ရိုက်ထုတ်လိုက်တဲ့ ဘေ့စ်ဘောတလုံးပေါ့ ...

ဒီလိုပုံဆိုရင်တော့ ကိုယ့်ညီက အဝေးဆုံးရောက်အောင်
လွင့်သွားပုံရတယ်..တော်သေးတာပေါ့ ဂေါက်သီးမဖြစ်လို့ ဂေါက်သီးသာဆိုရင် ကောင်မလေးအားကုန်လွှဲရိုက်လိုက်လို့ကတော့ ဘေ့စ်ဘောထက်ပိုပြီးဝေးသွားမယ်..
အပျော်ပါညီလေးရေ..
ကဗျာလေးကတော့မိုက်ပါ့

အိုင်လွယ်ပန် said...

အလဲ့ ...
ချစ်လှချည်လား ကိုယ့်ဆရာ ....