CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday 18 June 2009

“တိမ်ကောသွားတဲ့ မြစ်”


ရှူသွင်းလိုက်တဲ့ ဝင်သက်မှာ
ဒေါသ မောဟတွေ ပါနေတော့
မဖြစ်သင့်တာတွေက ဖြစ်ဖြစ်ပြီး သင့်မြတ်လာ
မှုတ်ထုတ်လိုက်တဲ့ ထွက်သက်မှာ
ခန္ဓာဓာတ်သက်တွေ ပါနေတော့
ရှင်သန်ခြင်းက တဖြေးဖြေး ပါးလှပ်လာတယ် … ။

နေဖြစ်စဉ်နဲ့  ညဖြစ်စဉ်တွေက
ခေါက်ရိုးကျိုးနေပါပြီဆိုမှ
မက်တဲ့အိပ်မက်တွေကတောင် ခေါက်ရိုးကျိုးလာ
ဘာများ ရင်ခုန်စရာရှိပါသလဲ … ။

ခရီးဆုံးမှာ ဘာမှ ပါမသွားဘူးဆိုလည်း သဲသဲမဲမဲ
ကျုပ်တော့ ကျုပ်အလွဲနဲ့  ကျုပ်ပဲဆိုပြီး
ဖြဲရဲ ရှာလို့ ရှာ
ကျနော်လည်း အပါအဝင် … ။

သူသူ ကိုယ်ကိုယ်
အကျိုးလိုလို့  ညောင်ရေလောင်းတာချင်း အတူတူ
ဘယ်သူ တစ်ခွက်ပိုလောင်းတယ်
ပြောတဲ့သူက ပြောလို့ … ။

ကြွေပြားကပ်ထားတဲ့ စိတ်အဆောက်အဦးတွေနား
ဝတ်ကောင်းစားလှ ဝတ်ထားတဲ့ ပွဲလမ်းသဘင်တွေနား
နောက်တခါ ထပ်မသွားချင်တော့လောက်အောင်
အနံ့ အသက်က ဆိုးတယ် … ။

ဒီကဗျာက …
စိတ်ကစိတ်ကို ကိုက်ထားတဲ့ ကဗျာ
စိတ်ပါလက်ပါ ညီးငြူထားတဲ့ ကဗျာ
ဒီကဗျာနဲ့  ခင်ဗျား
ရင်ဘတ်ချင်း နီးပါသလား
ခင်ဗျားလည်း သက်ပြင်းကြီး ချသွားမယ် … ။

မောင်ငယ်

5 comments:

တင့်ထူးရွှေ said...

ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မွန် said...

ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မသက်ဇင် said...

ဒီကဗျာက …
စိတ်ကစိတ်ကို ကိုက်ထားတဲ့ ကဗျာ
စိတ်ပါလက်ပါ ညီးငြူထားတဲ့ ကဗျာ
ဒီကဗျာနဲ့  ခင်ဗျား
ရင်ဘတ်ချင်း နီးပါသလား
ခင်ဗျားလည်း သက်ပြင်းကြီး ချသွားမယ် … ။

မောင်ငယ်လေးရေ
သက်ပြင်းချသွားတယ်
ခင်မင်လျက်

အိုင်လွယ်ပန် said...

သက်ပြင်းကတော့ ...
ဆုံးမှာမဟုတ်ဘူးဗျာ ....
ကိုတင့် စကားနဲ့ဆိုရရင်
အမြှီးအမောက် ပြန်ပြန်တည့်နေရတာကိုက
နေ့နဲ့ည .........

ဝေလေး said...

တစ်ကယ်သက်ပြင်းချမိသွားတယ်...