CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday 3 September 2009

“အခန်းဆက် ကျိန်စာ”


ကန္တာရထဲက
ခံစားတတ်တဲ့ နှလုံးသားသေးသေးလေး ပိုင်ဆိုင်တဲ့
အညိုရောင် သဲလေးပွင့်လေးဟာ
ကျနော်ပါ

ကျနော့်ကို နေခြည်မလေးက
နံနက်စောစောတိုင်းမှာ နွေးထွေးစွာ နိုးထစေပါတယ်
အရုဏ်ဦးမှာ သူမရဲ့  ရင်ငွေ့ နဲ့ ပဲ
မနေ့ က အိပ်မက်ဆိုးတွေ မေ့ပျောက်စေပါတယ်

ငြိတွယ်ခြင်းဟာ
ဒီဂရီကို တိုးစေရုံသာမက
ထောင့်တွေကိုလည်း ကျယ်စေပါတယ်

မြင့်တက်လာသမျှ
ကျနော့်ရင်တွေ ချစ်ချစ်တောက် ပူလောင်ရပြီး
တကိုယ်စာ တံလျှပ်လှိုင်းလေးနဲ့ 
သူ့ အလိုကျ ထထ လူးလွန့် ရပါတယ်

အမြင့်ဆုံး ထွန်းလင်းတောက်ပချိန်မှာ
နေခြည်မလေးလို့  မခေါ်ချင်တော့လောက်အောင်
ကျနော့်မှာ မျက်စိ မျက်နှာ ပျက်ရပါတယ်
ဒီလို ထောင့်မှန်အချိုးမျိုး ချိုးတာကို
သူမ အပြုံးတိမ်ရိပ်တို့  ဖြတ်အပြေးမှာ
ကျနော် တမေ့တမော ငေးကျန်ခဲ့ရပါတယ်

သူမလက်တွေနဲ့ 
နူးညံ့စွာ ထွေးပိုက်ထားတတ်တဲ့
ညနေခင်းတွေမှာ
ကျနော်ဟာ သိုးဖြူလေး တစ်ကောင်ပါ

အနမ်းတွေနဲ့ ချွေးသိပ်ပြီး
ထွက်ခွာသွားတော့မယ် အကြောင်း
အနီရောင်တိမ်တောက်တောက်တွေနဲ့ 
လက်ပြနှုတ်ဆက်ပါတယ်

အခုချိန်ထိ
သူမ နှုတ်ဆက်ထွက်ခွာသွားတိုင်း
ညဆိုတဲ့ အမှောင်ကမ္ဘာကြီးထဲ
ကျနော့်ကို ပစ်ပစ်ချထားရစ်ခဲ့တယ်

မောင်ငယ်

5 comments:

စိုင်းလောဝ်ပိန်း said...

နေရောင်ခြည်မလေးက ညတွေဆို သွယ်ဝိုက်ပြီး အလင်းပေးနေကြပါဗျ။ အားမငယ်ပါနဲ့။ :)

ဆောင်းယွန်းလ said...

အမြင့်ဆုံး ထွန်းလင်းတောက်ပချိန်မှာ
နေခြည်မလေးလို့  မခေါ်ချင်တော့လောက်အောင်
ကျနော့်မှာ မျက်စိ မျက်နှာ ပျက်ရပါတယ်
ဒီလို ထောင့်မှန်အချိုးမျိုး ချိုးတာကို
သူမ အပြုံးတိမ်ရိပ်တို့  ဖြတ်အပြေးမှာ
ကျနော် တမေ့တမော ငေးကျန်ခဲ့ရပါတယ်

လန်းလှချည်လားညီလေးရ...
ဒီကဗျာလေးကိုတော်တော်ကြိုက်မိတယ်ညီလေးရေ

emayarKhin said...

အနော့်ကိုသူမက.....
ပစ်ပစ်ချထားရစ်ခဲ့တယ်လား.....
ကိုမောင်ငယ့်ခမျာ.သနားစရာ...
သွပ်...သွပ်...သွပ်.....

Unknown said...

ကဗျာလေး အရမ်းချစ်မိတယ် :)
ကောင်းသောနေ့ ကိုမောင်ငယ် ကျောင်းဖွင့်တော့ ရမ်းနေရပြီ :P

အိုင်လွယ်ပန် said...

ပြန်လင်းလာမှာပေါ့ ဆရာသမားရယ် ..
လင်းတလှည့် မှောင်တလှည့်ပေါ့ :)