့
သားရေကို လိုချင်လို့ 
သားရဲတွေနဲ့ ပစ်ခတ်သတ်ပုတ်ခဲ့ဖူးတယ်
ရွှေသမင်မလေးရယ်
ကိုယ့်ရိုင်ဖယ်ကို မင်းလက်တွင်း အပ်နှင်းပါတယ် … ။
သားမွှေးကို လိုချင်လို့ 
သိုးလေးတွေ မွေးမြူခဲ့ဖူးတယ်
ယုန်ဖြူမလေးရယ်
ကိုယ့်အသွေးနဲ့ အသားက မြက်ခင်းစိမ်းစိမ်းလေးပါ … ။
မင့်အချစ်ကို လိုချင်လို့ 
ကိုယ့်နှလုံးသားကိုပါ
အဆစ်ထည့်ပေးလိုက်မိတာပါကွယ် … ။
မောင်ငယ်
Friday, 11 September 2009
“ ခွင့်လွှတ်ပါ ”
Posted by mgngal at 08:00
Labels: ခံစားမှု ကဗျာများ
Subscribe to:
Post Comments (Atom)
5 comments:
ခွင့်လွှတ်ပါတယ်ဗျာ။ ဟဲဟဲ :D
ချစ်သူရှေ့ ဒူးထောက်လိုက်ပြီပေါ့ဟုတ်လား
တပုဒ်လုံးကောင်းတယ်ညီလေး
မင့်အချစ်ကို လိုချင်လို့ 
ကိုယ့်နှလုံးသားကိုပါ
အဆစ်ထည့်ပေးလိုက်မိတာပါကွယ်
ဆိုတဲ့နောက်ဆုံးအပိုဒ်လေးမှာအခိုက်ဆုံးဖြစ်သွားတယ်
သီးခံခြင်းတရားက အောင်မြင်တယ်ဆိုလား ခေါင်းခေါက်ခံထိတယ်ဆိုလား ကြားဘူးဒယ် :P
ကောင်းသောနေ့ ကိုမောင်ငယ်ရေ ကျောင်းရမ်းနေရလို့
ခုတလော လက်မသွက်နိုင်ဘူးဗျာ့ :)
သမင်တစ်ကောင် ယုန်တစ်ကောင်နဲ့ ကိုမောင်ငယ် အလုပ်ရှုပ်နေတာများလား =)
:P (မရောက်တာကြာလို့ နောက်တာပါ)
ရက်ရောချက် :)
သမင်မလေး ရိုင်ဖယ် ပိုက်လို့ ပြုံးနိုင်စေသား :)
Post a Comment