့
မှည့်မျိုးမထင် ကွမ်းတောင်ရှင်ပ
ရွာ့လှပဂေး ထွေးညိုလေးရဲ့ 
ဝါအကျွတ်မှာ နဖူးစာမှန်
ဧကန်ဖြစ်ရေး စိတ်ဝယ်တွေးငေး
ကြိတ်ပိုးဆွေးရ မောင့်ဘ၀ ... ။
ရွာရိုးတခွင် စကာတင်စစ်
မောင်ကြီးကျန်ရစ် မဖြစ်ရအောင်
ကျန်ကာလသား ငနာများကို
စကာကျဲကျဲ နာနာဆွဲပြီး
ဒီမောင့်အလှည့် မောင့်အလှည့်မှာ
စကောနဲ့ သာ စစ်ပါကွယ် ... ။
မောင်ငယ်
Saturday, 17 January 2009
"ရွာကင်း"
Posted by mgngal at 06:00
Labels: ခံစားမှု ကဗျာများ
Subscribe to:
Post Comments (Atom)
7 comments:
ရွာဓလေ့ ကဗျာလေး ခံစားသွားတယ်ညီ။
ဟဟ.. တရားတယ်နော်... သူ့အလှည့်မှ စကောနဲ့စစ်ရမယ်.... :P :P
စကောနဲ့စစ်ရင်တော့
ပုံထွက်သိပ်မကောင်းလောက်ဘူးကိုယ့်ဆရာ :P
ကျေးလက်နံ့လေးသင်းနေတယ်ဗျာ...
ရေးနိုင်တာချီးကျူးတယ်...ကြိုက်ပ
ရေစစ်နဲ့သာ စစ်ခိုင်းလိုက်ပါတော့ မောင်ငယ်ရာ :P
မောင်ငယ်ရေ--
ကျေးလက်နံ့သင်းတဲ့ ချစ်စရာကဗျာလေးပါ--
ပျော်ရွှင်ချမ်းမြေ့ပါစေ--
=) ပြောတော့ဘူး ကဗျာဖတ်ပြီးရယ်နေတယ်ဆိုတာ ။
တယ်ဆိုတဲ့ စာပါလားဗျ အဟေဟေ
ကောင်းပါ့ စကောနဲ့ မစစ်ခိုင်းနဲ့ တခါတည်းသာ မပြေးဗျို့
Post a Comment