CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday 6 July 2009

" တိုးတိတ်သွားသော "

့
ဆိတ်ညိမ်ရပ်ကွက်လေးဟာ
တိတ်ဆိတ်လွန်းလှတယ် ... ။

ဆိတ်ညိမ်ရပ်ကွက်ထဲက အုတ်ခုံလေးမှာ
ညဘက် သီဆိုသူနဲ့  နားဆင်သူ ကာရန်တွေ တူခဲ့ကြတယ် ... ။

ဆိတ်ညိမ်ရပ်ကွက်ထဲက တရုတ်စကားပန်းပင်တွေ
အစီအရီပေါက်တဲ့ လမ်းလေးမှာ
အသွားနဲ့ အပြန် ၊ အပြန်နဲ့ အသွား မျက်လုံးချင်း စကားများခဲ့ကြတယ် ... ။

ဆိတ်ညိမ်ရပ်ကွက်ထဲက မြေသားလမ်းလေးထက်မှာ
ဘဝနှစ်ခု လက်တွဲ ဘယ်ညာညီအောင်လျှောက်လှမ်းခဲ့ကြတယ် ... ။

ဆိတ်ညိမ်ရပ်ကွက်ထဲက အိမ်ရှေ့ခုံတန်းလေးမှာ
ဘဝအမောတွေ အပြန်အလှန်ချွေးသိပ်ပေးခဲ့ကြတယ် ... ။

ဆိတ်ညိမ်ရပ်ကွက်ထဲမှာ .....
ဆိတ်ညိမ်ရပ်ကွက်လေးထဲမှာ .....
ဆိတ်ညိမ်ရပ်ကွက်လေးရဲ့ အထဲမှာ .....

ဆိတ်ညိမ်ရပ်ကွက်ထဲက ဒုက္ခအိမ်လေးထဲမှာ
အတူရှိရက်နဲ့  ဘဝခြား
ရင်ခုန်သံလေး တဖက်ဟာ အိမ်ပြန်ချိန်စောရောက်ခဲ့တယ် ... ။

ဆိတ်ညိမ်ရပ်ကွက်လေးဟာ
ခုတော့ တိုးပြီး တိတ်ဆိတ်လွန်းသွားတယ် ... ။

မောင်ငယ်

7 comments:

emayarKhin said...

ဆိတ်ညိမ်ရပ်ကွက်ထဲကို
တိုးတိုးတိတ်တိတ်လာသွားတယ်........
ရှုးးးးးးးးတိုးတိုးးးးးးးးးး

သက်ထွန်းညိမ်း said...

တစ်ခေါက်တော့
ဆိတ်ညိမ်ရပ်ကွက်ထဲ ရောက်ဖူးချင်တယ်း)

Unknown said...

ဆိတ်ငြိမ်ရပ်ကွက်လေးထဲမှာ .....
ဆိတ်ငြိမ်ရပ်ကွက်လေးထဲမှာ... :)
ကောင်းသောနေ့ပါ ကိုမောင်ငယ် ခံစားသွားတယ် :)

ဇော် said...

စိတ်ငြိမ် ရပ်ကွက်ထဲမှာ ကျနော်လဲ စာလာဖတ်သွားတယ်။ အဟီး။

ကိုလေးမောင်ငယ်နဲ့ နာမည်တူနေတဲ့ အိမ်လေးမို့
စိတ်ဝင်စားပြီး လိုက်လာတာ

ကဗျာကောင်းလေးနဲ့ တိုးသွားတယ်ဗျာ။ လိုက်လာရကျိုး နပ်ပါပေတယ်..။ =)

အိုင်လွယ်ပန် said...

ရပ်ကွက်ထဲဝင်ကြည့်သွားပါတယ်ဆရာသမား ။

မွန် said...

ကောင်မလေးက သေသွားတာပေါ့နော်

မင်းကျန်စစ်။ said...

ဆိတ်ညိမ်ရပ်ကွက်ထဲက ဒုက္ခအိမ်လေးထဲမှာ
အတူရှိရက်နဲ့  ဘဝခြား ရင်ခုန်သံလေး တဖက်ဟာ အိမ်ပြန်ချိန်စောရောက်ခဲ့တယ် ... ။
မွန်ပြောသလို ကောင်မလေး သေသွားတာလား
ဒါမှမဟုတ် ကောင်မလေးမှာ တခြားခိုကိုးစရာ အိမ်ရှိနေသေးလို့များလား ညီရေ..။ ကဗျာလေးကတော့ ပြန်ဖတ်ချင်လောက်အောင် ကောင်းတယ်။
ညိမ် ဆိုတဲ့ စကားလုံးအစား ငြိမ် လို့ ရေးပါလား ညီရေ.. အကြံပေးတာပါ။
TGRmg