CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday 10 July 2009

“ လာ…အတူ ”


ဝါးဖောင်လေး နှစ်ဖောင်ပေါ့
မတူညီရာ မြစ်လက်တက်တွေဆီက
ဆုန်ဆင်းလာခဲ့ကြ
သံယောဇဉ် မြစ်ဆုံမှာ တချက်လေး ထိခတ်မိရုံ
အချစ်လို့ သက်ဝင်ယုံကြည်ခဲ့ကြတယ် … ။

ဖောင်လေးတွေ ဆိုတော့လည်းကွယ်
ရေးစီးရဲ့  ရစ်သမ်နဲ့ ကိုက်ရပြန်ပေါ့ … ။

အတူဆုံတုန်းခဏ စကားတွေ ဖောင်ဖွဲ့ 
ကမ်းကပါးတွေက ငြူစူတယ် … ။

မာယာမြစ်ပြင်ကျယ်ရဲ့ 
အချိုး အကွေ့  ၊ ရေစီး ရေလွဲ ကြုံရပြန်တော့
‘ ရှေ့ ကသွားနှင့်ပါ ၊ မှီအောင်လိုက်ခဲ့ပါ ’
လက်ပြလို့ ပြောရ ကိုယ်တို့ ဘဝတွေပေါ့ … ။

ဒီတခါတော့ကွယ်
အပြောကျယ်တဲ့ ချစ်ခြင်းပင်လယ်ပြင်ကြီးထဲ
တက်ကုန်ဖွင့် ရွက်ကုန်လွင့်ဖို့ ရာ
နှလုံးသား မြစ်ဝမှာ
ကျောက်ချထားပြီ ဆိုမှတော့
မင်းရောက်လာသည် အထိ … ။

မောင်ငယ်

5 comments:

သက်ထွန်းညိမ်း said...

ကောင်းတယ်ကွ
စောင့်နေညီရေ
ရောက်လာလိမ့်မယ်
ပြီးရင်တော့တက်ကုန်ရွက်ကုန်လွင့်တော့း)

Unknown said...

ကဗျာလေး ခံစားသွားတယ် ကိုမောင်ငယ်ရေ ၀ါးဖောင်လေးတစ်နေ့ ဆိုက်ကပ်လာမှာပါ :)
ကောင်းသောနေ့ပါ :)

Mhu Darye said...

ဝါးဖောင်လေး နှစ်ဖောင်ပေါ့
မတူညီရာ မြစ်လက်တက်တွေဆီက
ဆုန်ဆင်းလာခဲ့ကြ
သံယောဇဉ် မြစ်ဆုံမှာ တချက်လေး ထိခတ်မိရုံ
အချစ်လို့ သက်ဝင်ယုံကြည်ခဲ့ကြတယ် … ။

ဆောင်းယွန်းလ said...

ဝါးဖောင်လေး နှစ်ဖောင်ပေါ့
မတူညီရာ မြစ်လက်တက်တွေဆီက
ဆုန်ဆင်းလာခဲ့ကြ
သံယောဇဉ် မြစ်ဆုံမှာ တချက်လေး ထိခတ်မိရုံ
အချစ်လို့ သက်ဝင်ယုံကြည်ခဲ့ကြတယ်

ကဗျာလေးကသိပ်ကောင်းနေတယ်ညီရေ
ကြိုက်တယ်...

အိုင်လွယ်ပန် said...

မြစ်ဝ တွင်
ဆရာသမား
အားမွေးနေသည် ။
တက်ကုန်ရွက်ကုန် လွှင့်တော့မည် :)

သံယောဇဉ် မြစ်ဆုံမှာ တချက်လေး ထိခတ်မိရုံ
အချစ်လို့ သက်ဝင်ယုံကြည်ခဲ့ကြတယ် … ။
လှတယ်ဗျာ ....