CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday 13 October 2008

"ဖြစ်သလိုစားခြင်း တစ်ပိုင်းတစ်စ"

သြကာသ သြကာသ သြကာသ ကာယကံ ၊ ၀စီကံ ၊ မနောကံ …………………။
အစချီလျက် ဘုရားရှိခိုးနေသော အခန်းတူ သူငယ်ချင်း မောင်မြင့်၏ အသံကြား
တော့ အိပ်ရာက နိုးလာတယ် ။ခဏကြာ ပြီးသွားတော့ မေးတယ် ဒီနေ့ စောစော
စီးစီး နိုးနေပါလား ကိုမောင်ငယ် ။ အေးကွ မင်းအသံကြားပြီးနိုးလာတာ။ကောင်း
သော နံက်ခင်းပါ သူက Gtalk မှာနှုတ်ဆက်သလို နှုတ်ဆက်တယ်။အင်း။အိပ်
ချင်မူးတူးနဲ့ ဖြေပြီး အခန်းပြင်ထွက် စီးကရက် တစ်လိပ် ရှိုက်ရင်း လောကကြီး
အလှအပ ကို ခေတ္တ ခံစားလိုက်သေးတယ်။ပြီးမှမျက်နှာသစ်၊သွားတိုက်ပြီးအိပ်
ယာသိမ်းလိုက်ပြီးဘုရားရှိခိုးတယ်။မနက်စာစားပြီးပြီလား ကိုမောင်မြင့်။မစားရ
သေးဘူးဘာရှိလည်း???စနေနေ့ ဆိုတော့ အရင်အပတ် တနင်္ဂနွေ က၀ယ်ထား
တဲ့စားစရာများလည်း ကုန်သလောက်ဖြစ်နေပြီ။ခေါက်ဆွဲခြောက်တော့ ရှိဦးမယ်
ထင်တယ် ။ အင်း ကြည့်လိုက်ဦးမယ် ။ကံကြီးပေလိုသာပေါ့ နှစ်ထုပ်ကြီးများ
တောင် ကျန်သေးတယ် ။ :D ဒါနဲ့  ရေနွေးတည်လိုက်တယ်။ ပြီး ဖောက်ထည့်
ရေနွေးစိမ် အဖုံးအုပ် ထားလိုက်တယ်။
အင်း.. ခဏအားနေသေးတယ် ။ ဘလော့င်္ဂလေး ဖွင့်ကြည့်လိုက်ပါဦးမယ် ။ အ
လားလား …အမယ်မင်း မယ်ဂုမိက ထပ်အော်သွားသေးတယ် ။ တက် ထားတာ
အခုထိရေးသေးဘူးလားတဲ့ ။ :P ဟိုကွေ့  ဒီရှောင်လုပ်နေတာလည်းမရပါလား
နော် ။
L မလွယ်ဘူး ဒီညတော့ ရေးတော့မှပဲလို့  စိတ်ကူးလိုက်မိသေးတယ် ။
ရလောက်ပြီထင်တယ် ခေါက်ဆွဲခြောက် ။ သွားယူပြီး စားရင်း စာဖတ်ရင်းနဲ့ 
စနေနေ့ အရသာကို ကောင်းကောင်း ခံစားနေလိုက်တယ်။ စာဖတ်ပြီး ဟိုလုပ်ဒီ
လုပ် ဒီလုပ် ဟိုလုပ် နဲ့  အချိန်တွေ ကုန်သွားလိုက်တာ ဘယ်လောက်ကြာသွား
သည်မသိ တစ်မိုက်မက တစ်ထွာမျှရှိသော ဗိုက်က ပြန်ဆာလာမှပဲ နာရီကို
ကြည့်တော့ နှစ်ချက်တီး ပါကောလား။ အမောင်မြင့် ဘာချက်စားကြမလဲဟေ့ ။
ဟေ ထမင်းတော့ ချက်ပြီးပြီးကွ ။ အင်း…ရေခဲ သေတ္တာထဲ ဘာရှိလည်းကြည့်
လိုက်ဦးမယ် ။ အားပါးပါး အသားတွေ အသီးအနှံတွေ အစုံအလင်ပါပဲလားဟေ့
မောင်မြင့် ဒီထဲကဟာတွေက ငါတို့ ဟာတွေလား ?? ဒီလောက်တော့ မကျန်
လောက်တော့ပါဘူး … …..ဟုတ်ဘူး ငါတို့ ဟာဆိုလို့  ကြက်ဥ ၄လုံးပဲ ကျန်
တော့တယ် ။အန် သေဟ ….။
အဲဒါ ဟိုဘက်ခန်းက လာထည့်ထားတာ။
အင်း ဈေးသွားရဦးမယ် (ကိုယ်အခြေအနေ ကိုယ်နားလည်လိုက်တာ):D။မထူး
ပါဘူးကွာ ဒါလေးပဲ ကောင်လုံးကြော် ကြော်လိုက်တာပေါ့ ။ဒီလိုနဲ့ နေ့ လည်စာ
ပြီးပါတယ်။ စားရသောက်ရတာ ပင်ပန်းတာနဲ့  အချိုတည်းနားနားနေနေ နေပြီး
ကော်ဖီသောက်ရင်း ကွန်ပျူတာဆိုင်ရာ Ebook လေးဖတ်နေလိုက်ပါတယ် ။
စာအုပ်ထဲကအကြောင်းအရာလေးတွေ လုပ်ကြည့်လိုက် ဖတ်လိုက်နဲ့  အချန်
တော်တော် ကုန်သွားလိုက်တာ ညနေစောင်းသွားတယ် ။
မောင်မြင့် ဈေးသွားရအောင်ဟ ။
မနက်ဖြန် အူခေါက်နေဦးမယ် ။
အေးအေး သွားတာပေါ့ ။
ဒါနဲ့  ရေချိုးခါနီး မနက်ဖြန်လျှော်ဖို့ အ၀တ်တွေ စိမ်ထားလိုက်တယ် ။ ပြီး ရေချိုး
ပြင်ဆင် ပြီး ဈေးသွားကြတယ်။ဈေးရောက်တာနဲ့  တစ်ခု စဉ်းစားလိုက်တာက ။
နေတိုင်း ညစာ ထမင်းပဲစားနေရတာ အပြောင်းအလဲလေး ဖြစ်သွားအောင် ပီစာ
ဝယ်စားရအောင်ကွာ ဆိုပြီး အဖော်ညှိလိုက်တော့ နှစ်ခါပြောစရာ မလိုအောင်ကို
အမောင်မြင့်ကလည်း အပျင်းကြီးပါတယ် ။ (ကျနော်နဲ့ အတူနေတာကြောင့် ဖြစ်
မယ် ) :D ၀ယ်စရာတွေဝယ်ပြီး ပြန်လာ…။ပြန်ရောက်တော့ တော်တော်နောက်
ကျပြီ။ သွားလိုက်လာလိုက်တော့ ဗိုက်က ပြန်ချောင်လာတာနဲ့  ၀ယ်လာတဲ့ပီစာ
ကြီးနှစ်ချပ် ကို ဆီနဲ့  အိုးကင်းပူ တိုက်ပြီး မပူမအေး ခပ်နွေးနွေးလေးကို ငရုတ်
ဆော့စ် နဲ့  အမိအရ လွေးလိုက်ပါတော့တယ် ဗျာ…။
:D
(တစ်ယောက်တစ်ချပ် စားတာ မကုန်သေးဘူး ၊ တစ်စိတ် ကျန်သေးတယ် ) :P

ဒါကတော့ ကျနော် အပျင်းကြီးတိုင်း လုပ်ဆောင်နေကျဖြစ်တဲ့ ဖြစ်သလိုစားခြင်း
ထဲမှ တစ်ပိုင်းတစ်စ လောက်ကို ဆွဲထုတ်ပြသလိုက်ခြင်း ဖြစ်ပါတယ်။အခန်းဆက်
မရှိပါ ။:P

BESc မမယ်ဂု ကျေနပ်လောက်ကောင်းပါရဲ့ ။ BESc= Bachelor of Egg Science
:P ညှာတာထောက်ထားသောအားဖြင့် မည်သူကိုမှပြန် မတက်တော့ပါ။ :D

မောင်ငယ်

4 comments:

emayarKhin said...

Wow !That's Cool!!
ဖြစ်သလိုစားတာခြင်းတူတယ်.......
ဂုဏ်ယူပါတယ်.............

Anonymous said...

သူဘုရားရှစ်ခိုးတာလားလို့  သူများရှစ်ခိုးမှ နိုးတဲငပျင်းပဲး) ကြက်ဥတွေကြီးစားနေလို့  မကြာခင် ဥ ဥတော့မယ်ထင်တယ် ဟီးးးးး ဟုတ်လား

megumi said...

စစခြင်း ပြောချင်တာကတော့ ကျေးဇူးတင်ပါတယ်။ နောက်တစ်ပို့စ်ကို ညှာတာထောက်ထားခြင်းမရှိစွာ TAG ပါမည်ဆိုတဲ့ အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ :P :P

ဆက်ပြီး ပြောရမယ်ဆိုရင်ဖြင့် အောက်မှာ ဖတ်ကြည့်ပါ။

Bachelor of Egg(B.E) ပါဆို ကိုမောင်ငယ်ကြီးကလည်း၊
သူ့ကို ဖြစ်သလိုလေး စားခိုင်းမိပါတယ်။ လူကို အမယ်မင်းတဲ့။ ဟွန်း။
ဘာကြီးမှန်းလည်း သိဘူး။
ဖြစ်သလိုသာ စားတာ အများကြီးပဲ စားတယ်နော်။ ဟိ ဟိ။

သန့်စင် said...

ပီဇာကိုတော့ အပြင်သွားရင်း စားလိုက်ရပါရဲ့ ။
"ရှာအူးမား" ကို တော့ မော်စကို ရောက်မှ နယ်သားတွေ ရဲ့ ကျေးဇူးကြောင့် စားဖူးလိုက်တယ်လို့
ထည့်ရေးလေကွာ ။ ဒီကောင် မော်စကို လာတုန်းက ပြောတယ် နယ်သားရာ ဖြစ်သလို စားရရင် စားရ
ဖြစ်သလိုတော့ မသောက်ပရစေနဲ့ တဲ့ ။အမ်မယ် ..
တောသားများက ကြက်ကင် လေးစားလိုက် ဘီယာလေး သောက်လိုက်နဲ့ ခံတွင်း တွေ့လိုက်ပုံများတော့ မပြောလိုက်ချင်ဘူး ။ သူ့ဆီမှာ ကြ ကြက်ဥ ချည်း စားနေပြီးတော့ ။:P :)