CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday 28 October 2008

“ကကြိုးစုံတဲ့ ည”


ပြိုးပြိုးပြက်ပြက် ရောင်စုံလက်တဲ့
ဒီညအခန်းထဲ မရောက်ခင်ကတည်းက
ဖိတ်စင်ကျလာတဲ့ အနံ့ အသက်
နောက်ထပ် မိတ်ဆက်မိပြန်ပြီ … ။

အစပိုင်းတော့ ခပ်စိမ်းစိမ်းပဲ
ရောင်စုံဝတ်လေးတွေ လွင့်ကျလာတော့
ကိုယ်ပါ အခု ထ ကရတော့မလိုလို
ခဏတော့ ထိန်းဦးမှ
အထာက သိပ်မကျသေးဘူး
ဖောက်!!! အဆိပ်ပျော့ပျော့ ရောစပ်တဲ့
ရွှေရည်ကြည် တစ်ကြိုက်လောက် မျောချ
စောနကထက်တော့ ယိမ်းလာပြီ … ။

စည်းချက်မကျတဲ့ သံစဉ်ကလည်း
အမိုးပွင့်မတတ် ညံပွက်လွင့်ထွက်နေ
ဟေ့ DJ လူနားမလည်တဲ့ (ကျနော် နားမလည်တဲ့)
တေးသွားတစ်ပုဒ်လောက်ချ ထ ကတော့မလို့  … ။

ခြေချစရာရ ရှိတ်လို့ ရပြီ
ခန္ဓာကိုယ်ပဲ ယိမ်း ဖန်ခွက်တော့ မတိမ်းစေနဲ့ 
နှုတ်ခမ်းတွေပိတ် စကားသံတိတ်ထား
မျက်လုံးတွေပဲ ကစားကြ ၊ မျှားကြ
ဒီလိုမှလည်း သံစဉ်ကို အပြည့်အဝ
နားစည်က ကြားရမှာပေါ့ … ။

C’on girl !! လက်ပွေ့ အိတ်ကိုချ
စိတ်ရှိသလိုသာ ၀င်ကလိုက်ပါ
ဒါက သန်းခေါင်ကျော်မှ စတဲ့
ကိုယ်လက်လှုပ်ရှား အားကစားလေ … ။

ကိုယ့်ကကွက်နဲ့  ကိုယ်တိမ်း
မညီမှလည်း ကုလားယိမ်းနဲ့  မတူမှာ … ။

အချိန်တွေ အရည်ပျော်လာတာနဲ့  အမျှ
ညကပါ အရုဏ်တက်ဖို့  ယိမ်းလာပြီ
ကိုယ့်ကိုကိုယ် ထိန်း ယိမ်းတာကိုရပ်
လွတ်ချထားတဲ့ စိတ်ကိုပြန်ကောက်
ပီကေဖောက်ရင်း လာလမ်းအတိုင်း ပြန်လျှောက်
ဒါတောင် အသံတွေ နောက်က လိုက်လာလိုက်သေး … ။

မောင်ငယ်

9 comments:

အိုင်လွယ်ပန် said...

ဘယ် night club လဲဗျ :P
ကိုယ့်ဆရာလဲ လိုင်းစုံတယ် :P:P:P

Kaung Kin Ko said...

ဟားဟား။ ကဗျာမိုက်တယ်။

thihanyein said...

ညီငယ်ကဗျာတွေမိုက်တယ်ကွာ ကွက်ကွက်ကွင်းကွင်းကိုမြင်သွားတယ် တစ်ခုတော့သတိရမိလိုက်သားညီရ မင်းတို့ညက သောက်တယ်နဲ့တူတယ် အဟဲ

Anonymous said...

သွားကမယ်ဆိုလဲ လာခေါ်ဦးလေကွာ တစ်ယောက်တည်းတော့
မသွားနဲ့လေကွာ..နောက်တစ်ခါလာခေါ်နော်..:D

Anonymous said...

ခန္ဓာကိုယ်ပဲယိမ်း ဖန်ခွက်တော့ မတိမ်းစေနဲ့ အဲဒီစာသားလေး တော်တော်ကြိုက်တယ်... အဟတ်ဟတ်... မိုက်တယ် ညီလေးရေ.. အပိုဒ်တိုင်းက အချိတ်အဆက်လေးတွေနဲ့ ဂွတ်တယ်...

emayarKhin said...

ကိုယ်တွေ့..ကိုယ်တွေ့...ထင်ပါ့နော်
ဟင်းဟင်း..သိနေတယ်....

Anonymous said...

hey ...DJ မင်းခြေထောက်တွေ လေထဲကို မြှောက်ထားလိုက် ရို့  ရို့  မောင်ငယ် ငယ်မောင် ( ရပ်စ်ပါလေသံဖြင့်ဖတ်ရန် :P )

ကိုဖြိုးငြီမ်း said...

သွားကတုန်းက ကပြီး အခုမှ နောင်တရတဲ့
လေသံနဲ့ အဟမ်းဟမ်း

ကြယ်ပြာ said...

ဒါလဲမိုက်တယ် ...