CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday 17 October 2008

"အချစ်ဆိုရာဝယ်"


လူသားတို့  ဖြစ်တည်မှုနဲ့  အတူ မွေးဖွားကြီးပြင်းခဲ့သော ၊ ယနေ့ တိုင် မသေဆုံး
သေးသော ၊ မသေဆုံးနိုင်သော

ရေပန်းအစားဆုံးသော အရာများအားလုံးထက် ရေပန်းစားသော

အချို့ သောသူများအတွက် ပန်းသီးတစ်လုံး ဖြစ်နေတတ်ပြီး ၊ အချို့ သောသူ
အတွက်ဖန်ခါးသီး ဖြစ်တတ်သော

မည်သူမဆို ရင်ဘတ်နှင့် သင်ကြားတတ်မြောက်နိုင်သော

လူသားတို့  ယခု အချိန်ထိ တည်ရှိနေခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သော

ကုန်ကုန်ပြောရရင် အရာအားလုံးကို ဖြစ်စေနိုင်သော …။

၎င်းအရာအား ကျနော်က ဒီလို…ဒီလိုပေါ့ …. :D

ကျနော် နားလည်တာ --- တကယ်တော့ အချစ်ဆိုတာ
မေတ္တာနဲ့  ခြံစည်းရိုးလေးသာခြားတဲ့
အိမ်နီးချင်း စိတ္တဇ နာမ် တစ်ခုပါပဲ ...။ MGNGAL

ကျနော် ပြောချင်တာ--- အချစ်ကို အချစ်နဲ့  ထပ်မှမြတ်တယ် ..။

ကျနော် ချစ်နေတာ --- ကျနော့် ကဗျာများထဲမှ " _ "...။

ကျနော့် အတွက်တော့--- လေလှိုင်းထဲမှာ ကျစ်ခဲ့တဲ့ ကြိုးတစ်ချောင်း…။အဲဒီကြိုး
သိပ်ခိုင်တယ်…။

အဲဒီအချစ်အကြောင်းကို မတောက်တခေါက် ဘလာဂေါက် ကျနော် မောင်ငယ်
က ကဗျာတစ်ပုဒ် စပ်ပြီး ဘလော့င်္ဂမှာ တင်ဖူးပါတယ် ။ ခံစားကြည့်ပါဦး…။

"လက်တစ်ကမ်း"

နှလုံးသားတိုင်းက တန်းတူပဲ
ဒါကြောင့် သူကို ရေပြင်ညီခံစားကြတယ်...
သူမှာ ကန့် သတ်ချက်မဲ့တယ်
အနားသတ်တွေ နေရာမရသေးဘူး...
အလယ်မှာ နေရာယူပြီး
အစွန်းရောက်မှုတွေကို ဆုပ်ကိုင်ထားတာလည်း သူပဲလေ...
သူကို ဖန်တီးနိုင်သူ မရှိသေးသလို
ဖျက်ဆီးနိုင်တဲ့ တန်ခိုးရှင်က ဘယ်သူလဲ...?
ဝေးကွာခြင်းတွေကို ရင်ငွေ့ သွန်းပေးနိုင်သလို
ထွေးပွေ့ ထားတဲ့ နှလုံးသားတွေကို
ခံစားချက်ပျောက်အောင် အဆိပ်သောက်ခိုင်းတာလည်း သူပဲဗျ...
သူက အောင်မြင်မှုကို ညာလက်ရုံးခန့် ထားပြီး
ကျရှုံးသွားအောင် အမှောက်ထိုးလှဲဖို့  အားယူနေပြန်တယ်...
ကဲ ...သင့်အနား သူရောက်နေပြီ
အသင်ဘာလုပ်မလဲ ...???
သေချာ စဉ်းစား..
သေချာ တွေးထား...။

စဉ်းစားရင်လည်း စဉ်းစား ၊တွေးထားရင်လည်း တွေးထားကြပေါ့ဗျာ ။ ကျနော်က
တော့တိုက်တွန်းပြီးပြီ ..။ :P နဖူးတွေ့  ဒူးတွေ့ ကျရင် အခက်တွေ့ မှာ စိုးလို့ ပါ ။

အခြား အခြားသောသူများရေးလို့ လည်း အချစ်အကြောင်း ခေါင်းစားလောက်
အောင်ဖတ်ပြီးသွားပါပြီ။ :( ဒီလောက်နဲ့ ပဲ ကျေနပ်ပါလို့  မီးငယ် နဲ့  ခေါင်ခေါင်
တို့ ကိုပြောချင်ပါတယ် ။ :)

မောင်ငယ်

7 comments:

မီးငယ် said...

သူငယ်ချင်းရေကျေးဇူးတင်ပါတယ်...ရေးပေးတဲ့အတွက်ပေါ့... ချစ်တဲ့သူနဲ့ မြန်မြန်နီးနိုင်ပါစေနော်...
ခင်တဲ့,
မီးငယ်

thihanyein said...

ညီငယ်ရေ အကို့နားရောက်လာလို့ မလုပ်တတ်တော့ဘူး
အဟဲ ဘယ်လိုလုပ်ရမလဲ ကျနော်မသိတော့ဘူး ဒိုးလုံး
ဟဲဟဲ

Anonymous said...

ပိုလိုက်တာ ချစ်တက်လိုက်တာ အဲ့ဒီလေလှိုင်းထဲက ကြိုးကြွက်ကိုက်ပါစေကွား)

တကယ်တော့ အချစ်ဆိုတာ
မေတ္တာနဲ့  ခြံစည်းရိုးလေးသာခြားတဲ့
အိမ်နီးချင်း စိတ္တဇ နာမ် တစ်ခုပါပဲ .

ဟတ်စ်ထိတယ် စာသားလေး အဲ့ခြံစည်းရိုးက ခြစားသွားရင် ဘယ်လိုလုပ်ရမလဲ ဦးငယ် :P

ခေါင်ခေါင် said...

သတိတရ ရေးပေးလို့ကျေးဇူးအရမ်းတင်တယ်....

တကယ်တော့ အချစ်ဆိုတာ
မေတ္တာနဲ့  ခြံစည်းရိုးလေးသာခြားတဲ့
အိမ်နီးချင်း စိတ္တဇ နာမ် တစ်ခုပါပဲ ...

ဒီစာသားလေးငှားပါ..
အရမ်းကြိုက်လို့...

Anonymous said...

တကယ်တော့အချစ်ဆိုတာ မီးပါပဲ
တကယ်ချစ်ရင်တယ်မုန်းသွားရပါတယ်
မကြည့်ချင်လောက်တောင်မုန်းသွားတာ
တကယ်ချစ်တယ်လို့ ပြောလိုက်ကြလို့ပါပဲ
မချစ်ခင်က တယောက်နဲ့ တစ်ယောက်ကြည့်ချင်
ကြတယ်ချစ်ချင်ကြတယ်..ချစ်လဲချစ်ပြီးရော
ရွှံရှာသွားတတ်ကြတာ အချစ်ပဲ

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာလေးကို သဘောကျမိပါတယ်။ တကယ်တမ်း သူရောက်လာပြီ ဆိုရင်တော့ စဉ်းစားချိန်ရော ရှိပါ့ဦးမလား မောင်ငယ်ရေ...း)

mgngal said...

အဲဒါတော့ သိဘူးဗျာ။ ဘာတွေလာမေးနေမှန်းလဲ မသိဘူး။
:D