CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday 3 August 2009

“ စာမျက်နှာ-၁ ”


နေပါစေ
မင်းရဲ့  အတိတ်စာမျက်နှာဟောင်းများကို
ပြန်လှန်ဖတ်ရှူ့ ရခြင်းဟာ
ငါ့ကို မျက်ခမ်းစပ် ရောဂါရစေနိုင်တယ် … ။

ထားလိုက်ပါ
ငါ့ရဲ့  အညတရ နောက်ကြောင်းပြန် ပြကွက်တွေဟာ
မင်းအတွက် ဂုဏ်ယူလောက်စရာ
ခမ်းနားမှု မရှိပေဘူး … ။

နိဒါန်းကို ဒီလို စာတန်းထိုးလိုက်ကြစို့ ရဲ့ 

‘ တို့ တွေ ရင်ခုန်ချစ်ခြင်းမှာ
အဟောင်းအမြင်းတွေ ကင်းစင်ပါစေ ’

မင်းက မင်း စစ်စစ်ဖြစ်ဖို့ ရယ်
ငါက ငါ စင်စစ်ဖြစ်ဖို့ ရယ်
မင့်အချစ် ငါ့အချစ် စကာတင် အစစ်ခံနိုင်ဖို့ ရယ်
ဒီ့ထက် ပို မလိုစကောင်းပါဘူးကွယ် … ။

ကျန်ခဲ့တာက …..
စစ်ဖြစ်ဖို့  ဆင့်ခေါ်စာတွေ မပို့ ကြေး … ။

မောင်ငယ်

3 comments:

မွန် said...

စစ်တွေနေရာတကျသုံးသွားတာ သဘောကျတယ်
စာမျက်နှာတစ်မှာ အစစ်တွေကို စစ်ကြည့်ဖို့ပေါ့ ဟုတ်လား

Mhu Darye said...

စာမျက်နှာသစ် ဖွင့်ပွဲမှာ.. ကြိုးဖြတ်ပေးမယ် သူ လိုသေးလား မသိ။ :P

အင်း မေးတာတောင် နောက်ကျနေပြီ ထင်ပါတယ်။

အိုင်လွယ်ပန် said...

စစ် .......
ဖြစ်ကာမှဖြစ်
ဆင့်ခေါ်စာမလို
ငါကို က
အဲသလို :)