့
နင့်ရဲ့ 
အသက်ရှူသံသဲ့သဲ့လေးက အစ
မျက်တောင်ခတ်တာလေးက အစ
ခါးထောက်မာန်မဲတာလေးက အစ
မြတ်နိုးခဲ့တာ ...
နင့်ရဲ့ 
ဆံနွယ်အကြွေလေးတွေက အစ
တစ်သျူးအကြေလေးတွေက အစ
မျက်စောင်းအသေလေးတွေက အစ
ကောက်ယူသိမ်းထားခဲ့တာ ...
နင့်အနား
နေခြည်တွေ ဖြာဆင်းနေတာက အစ
လေပြေတွေ ဆော့ကစားနေတာက အစ
နှင်းပွင့်လေးတွေ ဝေ့၀ဲနေတာက အစ
ဘ၀င်မကျခဲ့တာ ...
ဒီလိုမျိုး ဒီလိုမျိုး ...
အချစ်မှာ သွက်သွက်ခါနေတဲ့ကောင်က
ကိုသာဆိုး ဆိုတဲ့ အမည်နာမကို
ရင်ကိုကော့ ခေါင်းကိုမော့ပြီး
တံဆိပ် ခတ်နှိပ်ခံခဲ့တယ်
ဒါနဲ့ များ .....
နင်မို့ လို့  အစိမ်းလိုက် ထက်ပိုင်းပိုင်းရက်တယ် ... ။
မောင်ငယ်
Thursday 27 August 2009
"မတန်ဘူး"
Posted by mgngal at 06:37
Labels: ခံစားမှု ကဗျာများ
Subscribe to:
Post Comments (Atom)
4 comments:
ဘူတုံးဗျ.....
ကိုသာဆိုးဆိုတာ....
ကဗျာလေးလန်းတယ်
ကိုသာဆိုး လို့သုံးသွားတာလေး တကယ်သဘောကျမိတယ်။
“ဆံနွယ်အကြွေလေးတွေက အစ
တစ်သျူးအကြေလေးတွေက အစ
မျက်စောင်းအသေလေးတွေက အစ”
အဖွဲ့တွေကတော့ အမြဲတမ်းကောင်းနေတာပါပဲ မောင်ငယ်ရယ်။
ကိုသာဆိုးဆိုလို့ လာကြည့်တာ...ညီမောင်ငယ်ဖြစ်နေပါလား...အချစ်တွေကြီးသွားတာကိုဘယ်တန်မလဲ...တန်ရာတန်ကြေးပြန်တောင်းလိုက်ညီလေး...၃၀၀၀တောင်းလိုက် ၁၅၀၀+၁၅၀၀
ဟဲ့ ...
တကယ် ပိုင်းခံရသပေါ့ ...
တန်ဘူး :)
Post a Comment