CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Wednesday 26 August 2009

"လူပျိုသိုး"


ပန်းကြိုက်တတ်တဲ့
တီတီတာတာ မဒီကညာနဲ့ များ
ရည်ငံရင်တော့လား
ပိုးကြေးပန်းကြေး
တပွေ့ ကြီး ပေးရချည်ရဲ့ ဆို
ပန်းတခင်းပျိုးထား အိမ်အရှေ့ နား
ဈေးကိုသာ ပို့ ပို့ နေရတယ်
ပိုက်ဆံတွေတိုး ... ။

ဒီတသက်ဝယ်
ဇွဲကိုသာ ဖက်တွယ်ပါလို့ ရယ်
ပန်းတခင်း ထပ်ပျိုး ... ။

မောင်ငယ်

4 comments:

အိုင်လွယ်ပန် said...

နှလုံးသားတစ်ခု အရင်းပြုလို့ပေါ့ ...
ဒါနဲ့ အရောင်းအဝယ်ကောင်းရဲ့နော် ...
ဆရာသမား :)

စိုင်းလောဝ်ပိန်း said...

အကြံကြီးပုံများဗျာ။ :D
ဇွဲမလျော့နဲ့ဗျို့။

မြစ်ကျိုးအင်း said...

ဒါလည်းတမျိုးကောင်းတာပဲဗျ
ငွေထုပ်ကြီးကြီးပိုက်ထားရင် သိတယ်မဟုတ်လား ဟဲဟဲ
ကဗျာလေးက ဟာသရသ ထင်ရပေမယ့် ဂရုဏာ ရသ မြောက်တာလည်း မြင်ရတယ်။

စကားမစပ်။ ကိုမောင်ငယ်က လူပြိုသိုး များလား :)

ရွှေပြည်သူ (ShwePyiThu) said...

ဖတ်ပြီး ပြုံးလိုက်ရတာ။ အနည်းဆုံး သူ့မှာ ကြင်ယာမတိုးပေမယ့် ဥစ္စာတော့ တိုးပါသေးတယ်လေ...း))