CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday 4 May 2009

"အလွတ်တန်း ပညာရေး"


ကောင်မလေးရေ ...
ငါက လူသုံးများတဲ့ အက္ခရာတခု မဟုတ်လေတော့
လူကြိုက်များတဲ့ ဘာသာစကားလည်း မဟုတ်လေတော့
သတိမထားမိတာ မဆန်းပါဘူးကွယ် ... ။

နင် နားလည်တတ်ကျွမ်းထားတဲ့ ချစ်ခြင်းဘာသာစကားနဲ့ 
ငါပြဌာန်းထားတဲ့ ချစ်ခြင်းဘာသာစကားက
သွင်သွင်ကွဲနေတော့ နားလည်မှုတွေက
တေ့တေ့ဆိုင်ဆိုင် လွဲတယ် ... ။

လိုအပ်တယ်ကွဲ့ 
တခုပဲ လိုတာပါကွဲ့ 
နင့်အတွက် မယဉ်ပါးသေးတဲ့
ဘာသာစကားတခုတော့ မဟုတ်ပါဘူးကွယ်
သိလား .....
အဲ့ဒါ ငါ့နှလုံးသားရဲ့  ဘာသာစကားဆိုတာ ... ။

အဖြူရောင် အရိုးခံ စာရွက်အလွတ်တွေယူခဲ့
အပြာရောင် ဘောပင်လေးပါ ညှပ်လာခဲ့
သူငယ်တန်း ကလေးတွေလိုပ
ဝ လုံးဝိုင်းဝိုင်းလေးတွေ လေးကြောင်းမျဉ်းပေါ်မှာ ရေးသလို
အောက်သက်ကြေအောင် သင်ကြားပေးပါ့မယ်
အတန်းမှန်အောင် တက်ဖို့ တော့လိုတာပေါ့ကွယ် ... ။

ဒီတစ်တန်းအောင်ရင်တော့
ငါ့မာတိကာ အဖွင့်က
နင့်အပြုံးပန်းပွင့်တွေ အကြောင်း
နင်ကိုယ်တိုင် ဖတ်နိုင်ကောင်းရဲ့  ... ။

မောင်ငယ်

8 comments:

ရွှေပြည်သူ (ShwePyiThu) said...

“ကောင်မလေးရေ ...
ငါက လူသုံးများတဲ့ အက္ခရာတခု မဟုတ်လေတော့
လူကြိုက်များတဲ့ ဘာသာစကားလည်း မဟုတ်လေတော့
သတိမထားမိတာ မဆန်းပါဘူးကွယ် ... ။”

အဲဒီ အစလေးကိုက ဆက်ဖတ်ချင်လာအောင် ဆွဲဆောင်သွားတာ မောင်ငယ်ရေ...

Anonymous said...

ဒီတစ်တန်းအောင်ရင်တော့
ငါ့မာတိကာ အဖွင့်က
နင့်အပြုံးပန်းပွင့်တွေ အကြောင်း
နင်ကိုယ်တိုင် ဖတ်နိုင်ကောင်းရဲ့  ။
အကြိုက်ဆုံးဘဲကွာ
လန်းပြီးရင်းလန်းဘဲ

Unknown said...

အဖြူရောင် အရိုးခံ စာရွက်အလွတ်တွေယူခဲ့
အပြာရောင် ဘောပင်လေးပါ ညှပ်လာခဲ့
သူငယ်တန်း ကလေးတွေလိုပ
ဝ လုံးဝိုင်းဝိုင်းလေးတွေ လေးကြောင်းမျဉ်းပေါ်မှာ ရေးသလို
အောက်သက်ကြေအောင် သင်ကြားပေးပါ့မယ်
အတန်းမှန်အောင် တက်ဖို့ တော့လိုတာပေါ့ကွယ် ... ။

ဒီတစ်တန်းအောင်ရင်တော့
ငါ့မာတိကာ အဖွင့်က
နင့်အပြုံးပန်းပွင့်တွေ အကြောင်း
နင်ကိုယ်တိုင် ဖတ်နိုင်ကောင်းရဲ့  ။

ဒီနှစ်ပိုဒ်ကို တော်တော်လေးသဘောကျတယ် ...
ဖွဲ့ထားတာလေးက ချစ်စရာကောင်းတယ် ....

ကြယ်ပြာ

mgnge said...

ဒီတစ်တန်းအောင်ရင်တော့
ငါ့မာတိကာ အဖွင့်က
နင့်အပြုံးပန်းပွင့်တွေ အကြောင်း
နင်ကိုယ်တိုင် ဖတ်နိုင်ကောင်းရဲ့  ။

တော်ပါ့ ငါ့ကောင်ကြီးရာ...
ယူတတ်တယ် စ ကားလုံးတွေကို

ရွှန်းမီ said...

ကောင်မလေးက ဘယ်မူကြိုကလဲ ..
=) (နောက်တာ)
အောင်မြင်စွာ သင်ပေးလိုက်နိုင်ပါစေ..

ဖြိုးငယ် said...

ကောင်းလိုက်တဲ့ကဗျာ .. ငါ့ညီက ကျောင်းဆရာပါလုပ်နေတာပေါ့ .. ကျူရှင်တော့ မသင်နဲ့နော် .. ဟတ်ဟတ် .. စတာ

ဝေလေး said...

ဒီတစ်တန်းပြီးရင် နောက်တစ်တန်းတက်ရှိသေးလား....

ရှူး... တိုး... တိုး စာသင်နေတယ် မနှောင့်ယှက်ရ.... :P

နောက်တာပါ....
နောက်ဆုံးအပိုဒ်လေးကြိုက်တယ်.....

Mhu Darye said...

အတွေးလေးက ယဉ်တယ်။
အရေးက ပီပြင်တယ်။
လာဖတ်ဖြစ်တယ်။