CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday 26 May 2009

"ရာပြည့်"


အကောင်းကိုကား လိုက်ရှာ၏
တွေ့ ကားမတွေ့ ဆိုသလို
အနှစ်ကို ချုပ်ကြည့်ငြား
အကာများသာ ..... ( ကျနော့် ကဗျာတွေပါ ) ... ။

ကိုယ့်အလွမ်းနဲ့ ကိုယ် ချမ်းလာရင်
ကိုယ့်ကဗျာနဲ့ ကိုယ် ပြန်လှူံတယ်
နက်ရှိုင်းစွာ ပေါ့ပါးခဲ့တယ် ... ။

ခံစားလို့ ရသမျှအကြောင်း
လက်ညောင်းအောင်ရေးခဲ့သူလား .....
ဟုတ်မယ်ထင်တယ် ... ။

အရည်မရ အဖတ်မရတဲ့
စိတ်ထင်တိုင်း ခပ်လိုက်ဆယ်လိုက်
သိပ်မိုက်တာပေါ့
ကိုယ့်အကြိုက်နဲ့  ကိုယ်ကိုး ... ။

မနိုင်မနင်းနဲ့  ကာရန်တွေ နဘေတွေ
ညှပ်ညှပ်သုံးတော့
စကားလုံး သွားကြားညှပ်တယ် ... ။

တွေးရင်း ရေးရင်း ရေးရင်း တွေးရင်းနဲ့ 
ဒီလမ်းပေါ် အခါခါ လူးလွန့် နေမိတော့တာ ... ။

မောင်ငယ်

8 comments:

ကိုရင်ညိန်း said...

ဂွစ် (စ)
ဘ၀တူတွေပေါ့
အဟေးဟေး

မသက်ဇင် said...

ကဗျာလေးရေးလိုက်တော့
ရင်ထဲမှာပေါ့သွားတာပေါ့
မောင်ငယ်လေးရယ်

Anonymous said...

ခံစားရသမျှ ချရေးဖို့အတွက် ဘလော့လုပ်နေတာပဲဗျ ရေးသားရေး.....
ခံစားသွားတယ်ဗျို့

ရိုးမြင့်အောင် said...

ဘာပြောရမလဲ... ဘာမှမပြောတော့ဘူး... လူးလွန့်နေတာမကြည့်ရက်လို့...။ ရာပြည့်လား...။ ဂွတ်စ်....။

မွန် said...

ရာပြည့်လား ဂုဏ်ယူပါတယ်
ထောင်ပြည့်အထိ လူးလွန့်နေလိုက်ဦးပေါ့

ကဗျာဦး said...

ရာပြည့်လေးလား
ခံစားသွားတယ်

zue said...

သိပ်မိုက်တာပေါ့..
ကိုယ့်အကြိုက်နဲ့ ကိုယ်ကိုး....
:) တကယ်မိုက်တာ....

ဝေလေး said...

အဟား ဒီကဗျာဖတ်ပြီး ဝေလေးကိုများ စောင်းပြောလေသလားလို့.. ဟားဟား... အဖြစ်က တူနေတယ်..

" မနိုင်မနင်းနဲ့  ကာရန်တွေ နဘေတွေ
ညှပ်ညှပ်သုံးတော့
စကားလုံး သွားကြားညှပ်တယ် ... ။ "

ဂွတ်ထ ဂွတ်ထ..
စကားမစပ်.. ရာပြည့်ပို့စ်အတွက်ဂုဏ်ယူပါတယ်။ :D