CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Saturday 30 May 2009

“လယ်သူမလေး”


ငါ့မျက်ဝန်းထဲ ကြယ်စင်တွေလာလာ ပျိုးကြဲ
နင်ဟာ လယ်သူမလေးပါပဲ … ။

ငါ့ရင်ခုန်သံတွေ ခိုးခိုးနှုတ်
နင့်ကို သူရင်းငှား အစုတ်ပလုတ်လေးလို့  ခေါ်ချင်ရဲ့  … ။

ငါ့ရင်ဘတ်မှာ အိပ်မက်တွေ လာလာစိုက်
အတန်းလိုက် အတန်းလိုက်ပေါ့
နင့်မှာ မှော်ဆန်ဆန်လက်တွေများ ရှိလေရော့ သလား … ။

လယ်သူမလေးရေ ….
ငါ့ရင်ကွင်းပြင်ထဲ ချစ်ခြင်းတွေ နိုင်နိုင်သွင်းပါကွယ်
လှိုင်လှိုင်ကြီး သီးပွင့် ၊ ကြီးရင့်ပစ်လိုက်ချင်လို့ ပါ … ။

ဒီတစ်ရာသီ လွန်ရင်တော့
ငါ့အနှံတွေ အဆံပြည့်တန်ကောင်းရဲ့ 
ချိန်ခါမှီ ရိတ်သိမ်းပါလှည့် … ။

မောင်ငယ်

8 comments:

ရွှေပြည်သူ (ShwePyiThu) said...

ကောင်းလိုက်တဲ့ ကဗျာလေး မောင်ငယ်ရေ... လယ်သူမလေးလို့ တင်စားသွားတာကိုက ဆန်းပြီး လှနေတယ်... အစအဆုံး တပုဒ်လုံး သဘောကျမိပါတယ်။ နောင်လည်း ကဗျာကောင်းတွေ အများကြီး ဆက်ရေးနိုင်ပါစေ...

Anonymous said...

လယ်သူမလေးတဲ့လားဟ အလန်းဘဲဟေ့
ဂွက်ဘဲ

မွန် said...

ဘာတွေခိုးနှုတ်သလဲ တော်တော်ဆိုးတဲ့ လယ်သူမလေးပဲ
ကဗျာလေးချစ်စရာကောင်းတယ်

Anonymous said...

မရိတ်သိမ်းရဲဘူးရှင့် တော်ကြာ အညှောင့်လေးပါ ရိတ်ဖြတ်မိမှ မျိုးတုန်းသွားဦးမယ်ရှင့်.... ဟီးဟီးဟီး....
ကဗျာလေး ခံစားသွားတယ်ဗျ။

မသက်ဇင် said...

မောင်ငယ်လေးရေ
“လယ်သူမလေး”
လာဖတ်သွားပါတယ်
ခင်မင်စွာ

မောင်ငယ်က ဘလောဂ့် နှစ်ခု ရှိတာလား

မချစ်ရ said...

ကောင်းလိုက်တဲ့ကဗျာလေး ချစ်စရာကောင်းပါ့

မချစ်ရ said...

ကောင်းလိုက်တဲ့ကဗျာလေး ချစ်စရာကောင်းပါ့

ကဗျာဦး said...

လယ်သူမလေးက ချစ်စရာလေးလား