CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday 15 May 2009

“စိတ်ရောဂါ”


စိတ်မပါဘဲ ပြုံးရယ်ပြ
စိတ်မပါဘဲ ရိုသေပြ
စိတ်မပါဘဲ ကျိုးနွံပြ
စိတ်မပါဘဲ စိတ်ပူပြ
စိတ်မပါဘဲ စိတ်မကောင်းဖြစ်ပြ
စိတ်မပါဘဲ စိတ်ဝင်စားပြ
စိတ်မပါဘဲ စိတ်ပါခဲ့ရ
ကြာတော့ .....
စိတ်အမာရွတ်တွေက စိတ်ဆာလာကြ
စိတ်အဆာသွတ် တပွဲပေးပါ … ။

မောင်ငယ်

8 comments:

Pinkgold said...

ကဗျာလေး မိုက်တယ်..

မမသီရိ said...

ကဗျာလေးကောင်းတယ်...

Anonymous said...

လန်းတယ်ဟေ့ စိတ်မပါဘဲ ပြောသွားတယ် :P

khin oo may said...

စိတ်အဆာသွပ်တော့ မသိဘူး ရှိတာအကုန်ထုတ်.

ကြယ်ပြာ said...

စိတ်အဆာသွတ် တစ်ပွဲပေးပါဗျို့ .....

ကဗျာလေးကို သဘောကျတယ် မောင်ငယ်ရေ ...

ခုချိန်မှာတော့ စိတ်မပါပဲ ပြုံးရယ်ပြ နေရတယ် ...

Anonymous said...

ဒီကဗျာလေး သိပ်ကောင်းတယ်။

mgnge said...

ဟန်ဆောင် မျက်နှာဖုံးများပေါ့

Anonymous said...

အဲဒါတော့ အမှန်ပဲ စိတ်မပါပဲပရဲစန့်ဆိုပြီး ပေးလိုက်ရတာတွေ အများကြီးပဲ အထူးသဖြင့်ရွာမှာပေါ့ဗျာ။