CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday 10 May 2009

"အဖိတ်အစင်"


ပျောက်ဆုံးနေသော
ကိုယ်တခြမ်းကို ရှာဖွေခြင်းဆိုတာ
ပိုကာဒေါင်းတာပါလို့ ဆိုလိုက်ရင်
အများအတွက်တော့ ဆေးခါးတစ်ခွက် ဖြစ်နေလိမ့်မယ်
ဒီ့ထက်လည်း ပိုကောင်းပိုမယ် ... ။

ဒီလိုပါ .....
ကံကို ပုံပြီး
ဆွဲလိုက်တဲ့ ဆွဲဖဲ တချပ်က
ကိုယ့်အတွက် ( ဘဝတခုလုံးစာ အတွက် )
နောက်ဆုံးတချပ်လေလားဆိုပြီး
ရင်ခုန်ရတာမျိုး မဟုတ်လား ... ။

ထွေစဉ်မကျလို့  ပစ်လိုက်ရပေမယ့်
ပစ်ဖဲ တိုင်းမှာ သူ့ တန်ဖိုးနဲ့ သူ ... ။

အမှုမဲ့ပေမယ့် အမှတ်တရပါပဲ
ကိုယ်က ဆွဲဖဲကို ပစ်လိုက်
ပစ်ဖဲက ကိုယ် ကိုယ်တိုင် ဖြစ်သွားလိုက်
သံသရာက လှည့်တယ်
ဝဋ်က လည်တယ် ... ။

ကံဇာတာက မွဲတော့
ဒီတပွဲလည်း ရှုံးပြန်တာပဲ အမေ .....
ရှုံးကြေးက
ကျနော့် နှလုံးသားလေး ဖြစ်ဖြစ်နေတာကတော့ ... ။

မောင်ငယ်

6 comments:

ဆောင်းယွန်းလ said...

ဒီပွဲက ကြေးကြီးလှချည်လားညီလေး
လျှော့လျှော့ပေါ့ပေါ့ လုပ်လေ

Anonymous said...

ဘယ်လို လဲ သယ်ရင်း ဒေါင်းသွားပြီလား၊ဂျို ကာ မပါဘူးလားကွာ
မိုက်တယ်ဟေ့ ဖဲကစားတာတောင် ရေးသွားနိုင်တယ် မင်းနှယ့်ကွာ ကြေးက လည်း နှလုံးသားကြေး ဒေါင်းရတယ်လို့ အလုံးဖိုးက ဘာလဲ..?? :P

ကြယ်ပြာ said...

ဖဲအကြောင်းသိပ်မသိပေမယ့် ကဗျာလေးကိုတော့ ခံစားလို့ရတယ် ... ဒီတစ်ပွဲရှုံးပေမယ့် နောက်ပွဲတွေဆက်ကစားကြည့်ဦးပေါ့ ...
အစစ အရာရာ အဆင်ပြေပါစေ မောင်လေးရေ ...

ဝေလေး said...

ဒီတစ်ပွဲလည်း ရှုံးပြန်တာပဲဆိုတော့
ခဏခဏ မကစားနဲ့လေ.... :)

စိုင်းလောဝ်ပိန်း said...

ကိုမောင်ငယ်...၀ါသနာချင်းတော့ လာတူနေပြီထင်တယ်ဗျ။ :)
ဘ၀နဲ့ရင်းပြီးကစားနေပြီလားဗျာ။

Mhu Darye said...

ရောက်ခဲ့တယ်။ ပစ်ဖဲတိုင်းမှာလည်း သူ့ တန်ဖိုးနဲ့ သူတဲ့လား? ဂွတ်!