CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday 6 November 2008

“လရောင်အောက်က မိုး”

့လေမတိုက်တဲ့ ည
တိမ်အခင်း အကျင်း လှတဲ့ ည
ကြယ်ရောင် မစုံတဲ့ ည
မင်းနဲ့ ကိုယ်နဲ့ ပဲ ရှိတဲ့ ည
အစိမ်းရောင် ပိုစုန်းကြူးတွေ မြူးတဲ့ ည
မင်းကြောင့် မိုးတွေရွာခဲ့ရတဲ့ ငါ့ ည … ။

မမြင်စေချင်လို့ တိမ်ယံကြား
ရှောင်ခွာအဝေး ပြေးပြေးပုန်းတဲ့
လလေး ကိုမှ ငါကလည်း
မြင်ချင်လွန်းလှချည့်ရဲ့  ဆိုပြီး
မရမက တိမ်တွေကိုခွာချ
လှည်းကျင်းရ သိမ်းကြုံးရနဲ့ 
ခပ်ပွပွ ငါ့အိတ်ကပ်တောင်
တဒိတဒိ စုမိဆောင်းမိလာပြီ … ။

လိုက်မိလို့ ဝေးတာလား
ဝေးနေလို့ လိုက်မိတာလား
မသဲကွဲသေးခင် နောက်တစ်ခေါက်
ထပ်ပျောက်ဆုံး သွားပြန်တယ် … ။

ထိုးသိပ်ထည့်လိုက်တုန်းကတော့
အဖြူထည် တိမ်ချပ်များပဲ
နောက်မှ အရောင်တွေပြောင်း
ဘာအကြောင်းကြောင်း ကြောင့်လဲ
ည.. ည အေးစက်လာလိုက်တာ
ငွေ့ ရည်ဖွဲ့ လို့  ၀ပြီးမှတော့
ဒီည မိုးရွာချမှ ဖြစ်တော့မယ် … ။

မောင်ငယ်

P.S ~ ကျနော့် အခန်းငယ်ထဲမှာ အချိန် အခါမဟုတ် မိုးတွေ ရွာရွာနေတယ်ဗျာ...။

4 comments:

Anonymous said...

မင်း နေရာမျက်နှာကြပ်ပေါက်နေလို့ဖြစ်မယ်..မားမားကို သွားပြောထားဦး..:P

Mhu Darye said...

Like this one too >.<.....

thihanyein said...

မမြင်စေချင်လို့ တိမ်ယံကြား
ရှောင်ခွာအဝေး ပြေးပြေးပုန်းတဲ့
လလေး ကိုမှ ငါကလည်း
မြင်ချင်လွန်းလှချည့်ရဲ့  ဆိုပြီး
မရမက တိမ်တွေကိုခွာချ
လှည်းကျင်းရ သိမ်းကြုံးရနဲ့ 
ခပ်ပွပွ ငါ့အိတ်ကပ်တောင်
တဒိတဒိ စုမိဆောင်းမိလာပြီ … ။
အဲဒါလေးကြိုက်တယ်ညီလေးရ
ကောင်းလိုက်တဲ့ကဗျာလေး

Anonymous said...

နယ်သား မင်းငါပြောသားပဲ မင်းသူငယ်နာ မစင်သေးပါဘူးလို့ ။ နောက်တစ်ခါမှတ်ထား အိပ်ယာမ၀င်ခင် ရှူရှူပေါက်ပြီးမှ အိပ် ။ ပြီးမှ မိုးရွာတယ်မလုပ်နဲ့ ။