CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday 24 November 2008

“ရက်စက်သော နှင်း”

ကျနော်လေ…. တစ်နွေလုံး
အချိန်ရှိသ၍ သူမကိုပဲ
ကျောပြားကြီး ဆန့် ခင်းပြီး
မ၀တမ်း ငေးကြည့်နေခဲ့တာ
နေ့ ဆိုလည်း နေ အလင်းနဲ့ 
သူမ မျက်နှာပြင်ပေါ်က တိမ်တိုက်တို့ 
ရွေ့ လျားပြောင်းလဲခြင်းများ မညီးနိုင်အောင်
ညဆိုလည်း ကြယ်လ အလင်းနဲ့ 
ရှိနေသေးတဲ့ အသိ
အငွေ့ အသက်လေးတော့
ရေးရေးရနိုင်ခဲ့ သေးတယ် … ။

ဒီရာသီမှာ အဆင်မပြေမှုများ
သူမနဲ့ ကျနော်ကြား
အခါခပ်သိမ်း စိမ်းလန်းတယ်
ကလေးတစ်ယောက်လို ထစ်ချုန်း
တစ်ပြင်လုံး အုံ့ မှိုင်းလာ
လေနီရိုင်းနဲ့ လည်း ၀င်ရမ်းတယ်
ပြီးရင် မစဲတမ်း မျက်ရည်တွေ သွန်ချတော့တာ
တကယ်ဆို ကျနော်လည်း စိုစွတ်နေခဲ့တာပဲလေ … ။

တို့ နှစ်ယောက်ကြား အေးစက်လာခဲ့ပြီ
ကျနော် အကြောက်ဆုံး ကာလများပဲပေါ့
ဆိုက်ကပ်လာစဉ် အစတော့ နေသာရဲ
အစဉ်သဖြင့် မထွန်းလင်းနိုင်တော့တဲ့ နေ
မြူလွှမ်းခြုံ ခံလိုက်ရတဲ့ ကြယ်နဲ့ လ
ကျနော့် နေ့  ညတွေ ကြမ်းရှလာခဲ့ပြီ
သူမကို မမြင်တွေ့ ရတော့တဲ့ နေ့ ဟာ
ကျနော် ရေခဲရိုက်ခံလိုက်ရတဲ့ နေ့ ပဲ
ဒီနေ့  … ဒီနေ့ မှာ
တနေ့ လုံး ခါတိုင်းထက် အချမ်းပိုနေတယ်
အရင်နေ့ တွေလို
သူမကို ကျနော် မသဲကွဲလိုက်တဲ့ ညချမ်းမှာပဲ
အနူးညံ့ဆုံး နှင်းခါးတို့ လွင့်ဝဲကျလာ
တကယ်ကို ဖြေးဖြေးလေးပါ
နှင်းပုဝါတစ်ထည် ဖုံးအုပ်ခံလိုက်ရတဲ့နောက်
ကျနော် မှောင်အတိကျသွားတယ် ... ။

ရှည်ကြာလွန်းလိုက်တာ ဆောင်းရယ် … ။

မောင်ငယ်

P.S => ကျနော် အခန်းရှေ့ က မြေကွက်လပ်လေး နေရာမှ ခံစားရေးဖွဲ့ 
ထားခြင်းသာ ဖြစ်ပါသည်။

13 comments:

အိုင်လွယ်ပန် said...

ှ်အတွေးလေးလန်းတယ်ကိုယ့်ဆရာ......
အသိမ်းလေးလဲလှတယ်ဗျ.....
ရှည်ကြာလွန်းလိုက်တာ ဆောင်းရယ်....:P

Anonymous said...

နေရာလေးပြောပါဦးဟ ငါလည်း ခံစားလို့ရအောင်လို့ :P

thihanyein said...

ကဗျာလေး မိုက်တယ်ကွာ**တကယ်ကို ဖြေးဖြေးလေးပါ
နှင်းပုဝါတစ်ထည် ဖုံးအုပ်ခံလိုက်ရတဲ့နောက်
ကျနော် မှောင်အတိကျသွားတယ် ... ။
စာသားလေးတွေနုတယ်***

ခေါင်ခေါင် said...

ရက်စက်တယ် နော် ..
ရှည်ကြာလွန်းတဲ့ ဆောင်းက....

ညိမ်းညို said...

သိပါဝူးး ရင်တွင်းဖြစ်ခံစားချက်တွေလားလို့
အဆောင်ရှေ့က ကွက်လပ်လေးတဲ့ :P
ညီလေးရေ ကဗျာတွေကောင်းတယ်ဗျ
ဆြာလွမ်းတို့ ဘိုစိုင်းတို့ နှလုံးသားနုနုမောင်များတော့
ချက်ချင်းကြွေဆင်းသွားမယ် :D

Welcome said...

အတွေးကောင်း အရေးကောင်းတဲ့ ကဗျာလေးမို့ စိတ်ထဲကနေ နင့်နင့်နဲနဲ ဖတ်သွားပါတယ်
လေးစားတယ်
http://winzaw-mdy.blogspot.com/

Kaung Kin Ko said...

မှတ်ချက် မဖတ်ခင် အထိတော့ ညီလေး လွမ်းနေပြီ ထင်တာ။ အခုတော့ မြေကွက်လပ်လေး ကိုယ်စား ရေးထားတာကိုး။ ကောင်းတယ် ညီလေး။ ဒီမှာတော့ ဆောင်းမရှိသလို ပဲ။ အရမ်းပူတယ်။

မသက်ဇင် said...

ကဗျာကောင်းလေးတပုဒ်ပါ---

Unknown said...

{{{နှင်းပုဝါတစ်ထည် ဖုံးအုပ်ခံလိုက်ရတဲ့နောက်
ကျနော် မှောင်အတိကျသွားတယ် ... ။
ရှည်ကြာလွန်းလိုက်တာ ဆောင်းရယ် … ။ }}}

ဆောင်းတွင်းမှာ ဆို ပိုလွမ်းတယ်ဗျာ..........

~~~~~~~~ကဗျာလေးက ကောင်းတယ်~~~~~~~~

Anonymous said...

အဲ့လို မလုပ်နဲ့ လေ ငါက အသည်းငယ်တယ်း)

WWKM said...

ကဗျာကောင်းလေးတစ်ပုဒ် ဖတ်ရှုခံစားသွားပါတယ်.
ကျေးဇူးတင်ပါတယ်။

Anonymous said...

ထင်တော့ထင်သား လူတော့ မဟုတ်လောက်ဖူးလို့
အဆုံးကျမှပဲ မြေကွက်လပ်မှန်းသိတော့တယ်
တယ်နောက်တဲ့သူပဲ မြေကွက်လပ်တောင်
မချန်ဘူးကဗျာဖွဲ့တာပဲ

ကြယ်ပြာ said...

လူကိုဖွဲ့ထားတာမဟုတ်ပေမယ့် ဖွဲ့ထားပုံလေးလှလိုက်တာ ... ဒီကဗျာလေးအရမ်းကြိုက်တာပဲ ...