CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday 6 November 2008

“လည်ပြန်မိုး”

့အပူချိန်ပြင်းတဲ့ ဝေးကွာခြင်းကြောင့်
အခုတလော သိသိသာသာ
မင်းဘက်က အချစ်တွေ အငွေ့ ပျံတာ
တံလှပ်လှိုင်းတွေတောင် ထလို့ 
ဥပေက္ခာ မိုးသားတွေပဲ
ထူထဲလာ ညိုမဲလာ
ငါ့အပေါ် အရိပ်တစ်ခုလို မိုးလာ
ဒီလူမှာ အတွေးတစ်ဖက်နဲ့  သွေးပျက်နေပြီ
ငါ့ဘက်က လေနုအေးတွေ ဆောင်ကျဉ်းပေးပါ့မယ်
အချစ်မိုးအနေနဲ့  ပြန်တော့ရွာချပေးပါ
အရင်လို ရွဲရွဲစိုပါရစေ ချစ်သူရယ် … ။

မောင်ငယ်

10 comments:

အိုင်လွယ်ပန် said...

မိုးတွေရွာလှချည်လားကိုယ့်ဆရာ....
အချစ်မိုးတွေရွှဲပါစေဗျာ.....

Anonymous said...

ဆောင်းတွင်းကြီး အပူပျံလိုက် မိုးရွာလိုက်နဲ့  မောင်ငယ် နေမကောင်းဖြစ်မယ်း)

Mhu Darye said...

hey hey... I like this one ^-^
keep up!

thihanyein said...

ဘယ်လိုဖြစ်ကြတာလဲ ငါ့ညီလေးတွေကဗျာတွေမှာ ကြေကွဲသံစဉ်တွေနဲ့ပဲတိုးနေရတယ် ညီခင်လေးလည်းဒီလိုပဲ
ညီငယ်လည်းဒီလိုပဲ ဘယ်လိုတွေဖြစ်နေကြလဲငါ့ညီလေးတို့ရေ မင်းတို့တွေရဲ့အလွမ်းတွေတောင် ကူးစက်လာသလိုပဲကွာ

Kaung Kin Ko said...

ကဗျာလေးဖတ်သွားတယ် ညီလေး။

ခေါင်ခေါင် said...

အချစ်မိုးတွေ ပဲရွှဲရွှဲစို အောင် ရွာနေပါစေ...

Anonymous said...

မိုးကဗျာလေးကိုလာဖတ်သွားတယ်နော်

ဟန်လင်းထွန်း said...

အဲလောက်ထိတောင်ဖြစ်နေပြီလားဗျာ

ရွှေပြည်သူ (ShwePyiThu) said...

“ဒီလူမှာ အတွေးတစ်ဖက်နဲ့  သွေးပျက်နေပြီ...” စကားလုံးလေးတွေ သုံးထားတာ တကယ်ကိုလှပါတယ် မောင်လေး မောင်ငယ်ရေ... အမြန်ဆုံးမိုးတွေနဲ့ ရွှဲရွှဲစိုပါစေ...း)

မသက်ဇင် said...

ကဗျာလာဖတ်တယ်--
မင်းဘက်က အချစ်တွေ အငွေ့ ပျံတာ
တံလှပ်လှိုင်းတွေတောင် ထလို့ 

ဒီစာပိုဒ်လေးကိုကြိုက်တယ်---
အချစ်ငွေ့ပျံတာ တံလှပ်လှိုင်း တွေတောင် ထ
လို့--ဆိုတဲ့ သုံးထားတဲ့ စကားလုံးက ထိတယ်--
ကဗျာကို ဆွဲခေါ်သွားတယ်---